Pages

Tuesday, June 14, 2011

မြူအနည်းငယ်ဆိုင်းနေသော နံနက်ခင်းတစ်ခု ... သန်လျင်မြို့သို့ဦးတည်နေသော် ဂျစ်ကားတစ်စီး ... ထိုကားပေါ်တွင် ရင်ခုန်စွာလိုက်ပါလာကြသော ကျွန်တော်တို့သူငယ်ချင်းတစ်စု။ သိပ်မကြာခင် အချိန်ပိုင်းလေးအတွင်းမှာပင်ကျွန်တော်တို့ရင်ခုန်စွာစောင့်စားနေသော စာမေးပွဲအောင်စာရင်းကိုမြင်ရတော့မည်။ ကျွန်တော်တို့ထိုင်နေကျ Canteen မှ ဆိုင်ရှင်ဦးလေးကြီးက မနေ့ကညကဖုန်းဆက်၍ ဒီနေ့မနက်အောင်စာရင်းထွက်မည်ဖြစ်ကြောင်း အခြားသူငယ်ချင်းတွေကိုလည်း ဖုန်းဆက်အကြောင်းကြားထားပြီး ဖြစ်သည်။

ကား၏ခေါင်းခန်းတွင် ကျွန်တော့အမေထိုင်နေသည်။ ကျွန်တော်တို့ တစ်စုက နောက်ခန်းတွင် ဆူညံစွာဖြင့်ရင်ခုန်သံတွေကို ဖုံးဖိထားလေ၏။ ကျောင်းကို အဝေးကပင်လှမ်းမြင်နေရသော အကွာအဝေးသို့ပင် ချဉ်းကပ်ဝင်ရောက်နေလေပြီ။